Max Myanmar Construction ကုမ္ပဏီ၏ (2/2026) Internship Program တွင် ပုသိမ် နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၂) ဦး လက်တွေ့လေ့လာမှုများပြုလုပ်

Max Myanmar Construction ကုမ္ပဏီ၏ (2/2026) Internship Program တွင် ပုသိမ် နည်းပညာတက္ကသိုလ်မှ ကျောင်းသား (၂) ဦး လက်တွေ့လေ့လာမှုများပြုလုပ်

Max Myanmar Construction ကုမ္ပဏီ၏ Internship Program (2/2026) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို (4.6.2026) ကြာသပတေး နေ့၊ နံနက် (၉:၃၀) နာရီတွင် Max Residence Development Project ၏ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပုသိမ် နည်းပညာတက္ကသိုလ် တွင် ပညာသင်ကြားနေကြသော နောက်ဆုံးနှစ် ကျောင်းသား (၂) ဦးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ Internship ကာလကို ကုမ္ပဏီ၏ ရုံးချုပ်နှင့် စီမံကိန်းများတွင် လက်တွေ့လေ့လာခဲ့ကြပါသည်။

Internship ကာလအတွင်း Day to Day Site Operation အပိုင်း၊ MEP System အပိုင်းများ ဖြစ်သော (Electrical System, ELV System, ACMV System နှင့် Fire Fighting and Alarm System) စသည်တို့ကို လေ့လာခဲ့ကြပြီး အဆိုပါ ပညာရပ်များနဲ့ ပတ်သက်၍ Presentation များပြုလုပ်ခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် Max Myanmar Construction ၏ Management နှင့် ဌာနမှူးများမှ Presentation ပြုလုပ်ကြသော Intern ကျောင်းသားများကို အမှတ်တရလက်ဆောင်များပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးသုံးသပ် မှတ်ချက်ပြုပေးခြင်း တို့ကိုပြုလုပ်၍ မွန်းတည့် (၁၂:၀၀) နာရီခန့်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။