ရန်ကင်းကလေး ဆေးရုံကြီး ပတ်ဝန်းကျင် အမှိုက်ကင်းစင်စေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်

ရန်ကင်းကလေး ဆေးရုံကြီး ပတ်ဝန်းကျင် အမှိုက်ကင်းစင်စေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်

ရန်ကင်းကလေး ဆေးရုံကြီး ပတ်ဝန်းကျင် အမှိုက်ကင်းစင်စေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေး ဆောင်ရွက် ပေးလျက်ရှိရာတွင် Max Myanmar Construction Co., Ltd မှ ဝန်ထမ်းများသည် ၂ဝ၁၉ခုနှစ် ဇူလိုင် (၇)ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ကာ စုပေါင်းလုပ်အားပေး ခဲ့ကြပါသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် လာရောက်ကုသလျက်ရှိသော ကလေးသူငယ်များနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် ခြင်၊ ယင် ကင်းဝေးစေရေး နှင့် စားကြွင်းစားကျန် စွန့်ပစ်ထုပ်ပိုး ပစ္စည်းများကြောင့် ကြွက်နှင့် ပိုးမွှားကင်းစင်စေရေး တို့အတွက် ဆေးရုံကြီးဝန်းကျင်၊ ရေမြောင်းများ၊ ကလေးကစားကွင်း၊ အောက်စီဂျင် ဌာနဝန်းကျင်နှင့် ကားပါကင်များရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များကို လှည်းကျင်း၍ စနစ်တကျ စွန့်ပစ်ကာ ဆေးရုံကြီး သန့်ရှင်းသပ်ရပ်စေရေးအတွက် ဝန်ထမ်းများမှ အပတ်စဉ် အလှည့်ကျ သန့်ရှင်းရေးအတွက် ပါဝင်ကူညီကုသိုလ်ယူခဲ့ကြပါသည်။