12 Sep Max Myanmar Construction Co., Ltd. တွင် “Construction Sector Development law and MNBC Part 7.1 & 7.2” ခေါင်းစဉ်ဖြင့် Training and Knowledge Sharing Program ကျင်းပပြုလုပ်
ဝန်ထမ်းများ၏ လုပ်ငန်းခွင် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ Max Myanmar Construction Co., Ltd. တွင် သင်တန်းနှင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် (သောကြာနေ့) တွင် “Construction Sector Development law and MNBC Part 7.1 & 7.2” ခေါင်းစဉ်ဖြင့် Knowledge Sharing Program တစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများနှင့် အမျိုးသားအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းများ (MNBC – Myanmar National Building Code) စသည့် အကြောင်းအရာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MSCE) မှ ဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးခိုင်တို့က ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေး ပေးခဲ့ကြပါသည်။
ယင်းဆွေးနွေးပွဲသို့ Max Myanmar Construction Co., Ltd. မှ စိတ်ပါဝင်စားသည့် ဝန်ထမ်းစုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာဗဟုသုတများကို အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။
Max Myanmar Construction Co., Ltd. အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ခေတ်မီဆောက်လုပ်ရေး စံချိန်စံညွှန်းများကို နားလည်လိုက်နာ ကျင့်သုံးနိုင်စေရန်အတွက် ယခုကဲ့သို့သော သင်တန်းများနှင့် အသိပညာပေး အစီအစဉ်များကို နောင်တွင်လည်း ဆက်လက် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။







