21 Dec ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှ ဝန်ထမ်းများအား ဒုတိယအသုတ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေး
							Posted at 14:46h
							in Activities							
							                                    						
						ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း (CP 102) တွင် တာဝန်ထမ်းဆောင်နေကြသည့် မက်စ်မြန်မာဆောက်လုပ်ရေး ကုမ္ပဏီမှဝန်ထမ်း (၆၄)ဦးအတွက် ဒုတိယအသုတ် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၅ရက်နေ့တွင် ပြွန်တန်ဆာ လုပ်ငန်းခွင်၌ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် မိုးရာသီအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းစုစုပေါင်း (၂၆၄)ဦးကို နှစ်သုတ်ခွဲ၍ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ရာသီတုပ်ကွေးရောဂါမှ ကာကွယ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
 
 			  
 					 
 





