သန်လျင် – သီလဝါ စက်မှုဇုန်လမ်းသစ်ကြီး အောင်မြင်စွာ ဖွင့်လှစ်

သန်လျင် – သီလဝါ စက်မှုဇုန်လမ်းသစ်ကြီး အောင်မြင်စွာ ဖွင့်လှစ်

JICA ချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သော လမ်းအရှည် ၈ ဒဿမ ၇ ကီလိုမီတာရှိ သန်လျင် – သီလဝါ စက်မှုဇုန်လမ်းသစ်ကြီးကို ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်ပိုင်းက အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ သန်လျင် – သီလဝါ စက်မှုဇုန်လမ်းသစ်ကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို Main Contractor – Tekken Corporation နှင့် Consultant – Nippon Koei တို့၏ ကြီးကြပ်မှုဖြင့် Max Myanmar Construction မှ နိုင်ငံတကာစံနှုန်းများပြည့်မီစွာ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။