Max Myanmar Group ဥက္ကဌဖြစ်သူ ဦးအုန်းကျော် AFEO Hon. Fellow Award ချီးမြှင့်ခံရ

Max Myanmar Group ဥက္ကဌဖြစ်သူ ဦးအုန်းကျော် AFEO Hon. Fellow Award ချီးမြှင့်ခံရ

Max Myanmar Group ဥက္ကဌဖြစ်သူ ဦးအုန်းကျော်သည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာကဏ္ဍတွင် အဘက်ဘက်မှ ပါဝင်ပံ့ပိုးကူညီပေးခဲ့သည့်အတွက် Asean Federation of Engineering Organization (AFEO)မှ ချီးြမှင့်သည့် AFEO Hon. Fellow Award ဆုကိုရရှိခဲ့ပါသည်။ အဆိုပါဆုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံရှိ SMX Convention Center Clark, Mabalacat City, Pampanga, ၌ ကျင်းပသော (၄၃)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးပွဲ အပြီးတွင် လက်ခံရရှိခဲ့ပါသည်။

နိုင်ငံအသီးသီး၏ မိမိတို့နိုင်ငံအတွင်းရှိ အင်ဂျင်နီယာကဏ္ဍတွင် ကိုယ်ရောစိတ်ပါမြုတ်နှံ၍ ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ပေးခဲ့သူများကို သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ အင်ဂျင်နီယာအသင်းချုပ်များမှ အဆိုပြုလွှာ တင်သွင်းခြင်းကို AFEO Midterm အစည်းအဝေး၏ AWARDs Committee မှ စိစစ်သုံးသပ်၍ Governing Board Meeting မှ အတည်ပြု ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။