Max Myanmar Construction Co., Ltd. မှ အရာထမ်း/ အမှုထမ်းများ၏ သားငယ်၊ သမီးငယ်များအတွက် ၂၀၂၅ -၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်

Max Myanmar Construction Co., Ltd. မှ အရာထမ်း/ အမှုထမ်းများ၏ သားငယ်၊ သမီးငယ်များအတွက် ၂၀၂၅ -၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်

Max Myanmar Construction Co., Ltd. တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/ အမှုထမ်းများ၏ သားငယ်၊ သမီးငယ်များ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး နှင့် ပညာရေးအထောက်အကူပြုလက်ဆောင်များ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် ကုမ္ပဏီရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အထက်တန်းကျောင်းသား/သူ (၂၃) ဦး၊ အလယ်တန်း ကျောင်းသား/သူ (၆၀) ဦး နှင့် မူလတန်း ကျောင်းသား/သူ (၁၂၉ ) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၁၂) ဦး အတွက် ပညာသင်စရိတ် စုစုပေါင်း ငွေကျပ် (၁၄,၈၄၀,၀၀၀)ကို ကုမ္ပဏီ၏အုပ်ချုပ်မှု တာဝန်ခံအသီးသီးမှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။