19 Jun Max Myanmar Construction တွင် B.E (Civil & Mechanical) မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး Internship ကာလအတွင်း ကုမ္ပဏီ၏ စီမံကိန်းများတွင် လက်တွေ့လေ့လာခဲ့
Max Myanmar Construction ကုမ္ပဏီ၏ Internship Program (1/2025) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို ယနေ့ (18.6.2025) ဗုဒ္ဓဟူးနေ့၊ နံနက်(၉:၀၀)နာရီတွင် ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Civil ဘာသာရပ်နှင့် Mechanical ဘာသာရပ် သင်ကြားနေကြသော နောက်ဆုံးနှစ် ကျောင်းသား/သူ (၁၃)ဦးအနေဖြင့် Internship ကာလ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ကုမ္ပဏီ၏ စီမံကိန်းများတွင် လက်တွေ့လေ့လာခဲ့ကြပါသည်။
Internship ကာလအတွင်း Design Drawing အပိုင်း၊Project Management အပိုင်း၊ Day to Day Project Site Operation အပိုင်း၊ QS တွက်ချက်မှုအပိုင်း၊ Quality Control အပိုင်း၊ MEP System အပိုင်းများနှင့် Occupational health, safety and environment အပိုင်းစသည်တို့ကို လေ့လာခဲ့ကြပြီး လေ့လာခဲ့ကြသည့် ပညာရပ်များနဲ့ ပတ်သက်၍ Presentation များပြုလုပ်ခဲ့ကြပါသည်။
ယနေ့ အခမ်းအနားတွင် Max Myanmar Construction ၏ Management နှင့် ဌာနမှူးများမှ Presentation ပြုလုပ်ကြသော Intern ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးသုံးသပ် မှတ်ချက်ပြုပေးခြင်း တို့ကိုပြုလုပ်၍ နံနက်(၁၁:၃၀)နာရီခန့်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။