မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၏ ၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား

မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၏ ၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား

မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၏ ၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့ တွင် မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၏ သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ အထက်တန်း (၃၄)ဦး၊ အလယ်တန်း (၈၁)ဦး၊ မူလတန်း (၁၄၈)ဦး စုစုပေါင်း (၂၆၃) ဦးတို့ဖြစ်သည်။

အခမ်းအနားကို နံနက်(၉:၀၀)နာရီ တွင်စတင်ခဲ့ပြီး အစီအစဉ် (၆) ရပ်ဖြင့်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၏ Director ဦးတေဇာအောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ Vice Chairman ဦးခင်မောင်တင့်မှ အထက်တန်း ပညာသင်ထောက်ပံ့ကြေး၊ Executive Director ဒေါ်သက်နှင်းစိုး မှ အလယ်တန်း ပညာသင်ထောက်ပံ့ကြေး၊ Chief Accountant ဒေါ်ဝါဝါသင်းနှင့် Director ဦးတေဇာအောင်လွင် တို့မှ မူလတန်း ပညာသင်ထောက်ပံ့ကြေးများ အသီးသီးပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ထမ်းမိဘများကိုယ်စား Executive Engineer ဒေါ်သိမ့်သိမ့်နွယ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မက်(စ်)မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းမိဘများနှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။